International News

မော်တော်ကားထုတ်လုပ်တင်ပို့မှု ကျဆင်းမှုနှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူ Stakeholders များစည်းဝေး

Last Updated:

ကပ်ရောဂါကြောင့်ထိခိုက်ခံစားနေရသော မော်တော်ကားလုပ်ငန်းလုပ်ငန်းနှင့်သက်ဆိုင်သူ Stakeholders များအနေဖြင့် ဝယ်လိုအား တိုးတက်လာစေရေးအတွက် ဈေးကွက်မဟာဗျူဟာများတီထွင်ရန်နှင့် ယခုနှစ်အတွက် အလားအလာများကို ယခုအပတ်တွင် ဆွေးနွေးလျှက်ရှိပါသည်။

ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း Federation of Thailand (FTI) က ကားကုမ္ပဏီများအနေဖြင့် မော်တော်ကားနှင့် ဆက်စပ်လုပ်ငန်းများကို အထောက်အကူပြုမည့် အစိုးရ၏အစီအမံများကို အဆိုပြုသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

FTI ၏မော်တော်ကားကလပ်အသင်း၏ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ကပ်ရောဂါသည် မော်တော်ကားလုပ်ငန်းကို ထိခိုက်စေခဲ့ပြီး၊ ဧပြီလတွင် မော်တော်ကားစက်ရုံ အတော်များများပိတ်ခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။ ကုမ္ပဏီအတော်များများမှာ ကားထုတ်လုပ် သည့်စက်ရုံများကို နောက်ထပ် တစ်လပိတ်ရန် (သို့မဟုတ်) အလုပ်ချိန်လျှော့ချရန် စဉ်းစားနေကြကြောင်း Mr. Surapong က ပြောကြားခဲ့ပါသည်။ ပုံမှန်အားဖြင့်ဆိုပါက ဧပြီလတွင် ပိတ်ရက်များသောကြောင့် ကားစက်ရုံများပိတ်လေ့ရှိပါသည်။ ကမ္ဘာအနှံ့ခရီးသွားလာမှု ကန့်သတ်ချက်က ပြည်တွင်းနှင့် ပြည်ပဝယ်လိုအားကိုကျဆင်းစေပြီး ပိတ်ဆို့မှုများက ဝယ်ယူနိုင်စွမ်းအားကို အကန့်အသတ်ဖြင့်ဖြစ်စေကာ ပြည်တွင်းရော ပြည်ပ အရောင်းနှစ်ခုစလုံးထိုးစိုက် ကျဆင်းစေခဲ့ရပါသည်။

ရောင်းအားကျဆင်းခြင်းနှင့် အစိုးရများ၏ လူခြင်းခပ်ခွာခွာနေရန် မူဝါဒများကြောင့် ကမ္ဘာ့ကားထုတ်လုပ်သူများဖြစ်ကြသည့် တိုရိုတာ၊ ဟွန်ဒါ၊ မစ်ဆူဘစ်ရှီ၊ ဖို့ဒ်၊ မာဇဒါ တို့အနေဖြင့် ၎င်းတို့၏ ထုတ်လုပ်မှုများကို မတ်လမှ ဧပြီလအထိ ရပ်ဆိုင်းခဲ့ကြပါသည်။ Mr. Surapong က မော်တော်ကားလုပ်ငန်းအနေဖြင့် ယခုနှစ် ဒုတိယနှစ် ဝက်တွင် ကမ္ဘာ့စီးပွားရေး ပြန်ကောင်းမွန်လာလိမ့်မည်ဖြစ်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။ Covid-19 ပျံ့နှံ့မှုက ကားအရောင်းအပေါ် သက်ရောက်စေခဲ့ခြင်း ကြောင့် ကမ္ဘာ့ကားထုတ်လုပ်သူများက ၎င်းတို့၏ စီးပွားရေးစီမံချက်ကို ပြန်လည်ချိန်ညှိရလိမ့်မည်ဖြစ်ကြောင်း၊ သို့ရာတွင် မည်သည့်ကုမ္ပဏီကမှ ထိုင်းနိုင်ငံရှိ၎င်းတို့၏ စက်ရုံများကိုမပိတ်လိုကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

အချို့သော ကုမ္ပဏီများအနေဖြင့် ထိုင်းနိုင်ငံရှိ၎င်းတို့၏ စက်ရုံများကို အမြဲတမ်းအဖြစ်ပိတ်ခြင်သူများရှိသည့် ဆိုသည့်ကောလဟာလများ ရှိကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အာဆီယံတွင် အကြီးမားဆုံးကားထုတ်လုပ်သည့်နိုင်ငံဖြစ်ပါသည်။ ကမ္ဘာ့မော်တော်ကားထုတ်လုပ်သူများက ထိုင်းနိုင်ငံအား ဒေသတွင်းထုတ်လုပ်မှုနှင့် စီးပွားရေး လုပ်ဆောင်မှုအတွက် အဓိက အချက်အချာဗဟို (Hub) အဖြစ် ဆောင်ရွက်သွားရန် ထိုင်းနိုင်ငံအား တိုက်တွန်းခဲ့ကြပါသည်။

ထိုင်းနိုင်ငံတွင် ပြည်တွင်းနှင့်ပြည်ပဈေးကွက်များအတွက် တစ်နှစ်လျှင် ယူနစ် (၁) သန်း ကျော်ထုတ်လုပ်ရန်အတွက် ကားထုတ်လုပ်သည့် စက်ရုံ (၁၄)ရုံမှ (၁၅)ရုံ အထိ ရှိကြောင်း Mr.Surapong က ပြောကြားခဲ့ပါသည်။ FTI အနေဖြင့် မကြာသေးမီက ယခုနှစ်အတွက် ကားထုတ်လုပ်မှု (၃၀%) ကျော် ကျဆင်းနိုင်ပြီး ထုတ်လုပ်မှု အနေဖြင့် (၁.၃၃) သန်းရှိလိမ့်မည်ဟု ထုတ်ပြန်ခဲ့ပြီး၊ Covid-19 အကျပ်အတည်းမှာ ဇွန်လအထိ ဆက်ဖြစ်သွားမည်ဆိုပါက ထုတ်လုပ်မှု (၅၀%) အထိကျဆင်းနိုင်ပြီး ၎င်းမှာ ယူနစ် (၁) သန်း ရှိကြောင်းသိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်အတွက် ထုတ်လုပ်နိုင်မည့် ကားအစီးရေယူနစ် (၁.၃) သန်းအနက် FTI အနေဖြင့် ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းဈေးကွက်အတွက် ယူနစ် (၆၆၅,၀၀၀) စီ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News